ဆရာတော်ဦးဥတ္တမသည် ကျဉ်းမြောင်းနုံနဲ့သော အမျိုးသားစိတ်ဓာတ်များ၊
ကမ္ဘာကို လွှမ်းခြုံ၍ နေစဉ်၌ပင် လွတ်လပ်ရေးစိတ်ထား တမျိုးသားတည်း
တပြည်ထောင်တည်း အတွက်သာမဟုတ်၊ နယ်ချဲ့ ကိုလိုနီစနစ် အောက်၌
စုံးစုံးနစ်မြုတ်နေသော အာရှတိုက်ကြီး တတိုက်လုံးအတွက် ဖြစ်သည်ဟု
စွဲမှတ်ယုံကြည်ရုံသာမက နယ်ချဲ့၏ မျက်နှာကို ရဲရဲကြည့်၍ နယ်ချဲ့၏အာဏာကို
ရဲရဲကြီးတွန်းလှန်ခဲ့၏။ နယ်ချဲ့၏အင်အားဖြင့် ဖိနှိပ်သမျှသော
ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို မတွန့်မဆုတ်ခံယူခဲ့၏။ ဆရာတော်၏
ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် အိပ်သော ယောက်ျား
နိုးသောလားသို့ လွတ်လပ်ရေး လမ်းကြောင်းကို မြင်ကြရ၏။ ဆရာတော်ကား ယခု
မြန်မာနိုင်ငံတော်သူ၊ မြန်မာနိုင်ငံသားတို့ လက်ဆုတ်လက်ကိုင် အပိုင်ရ၍ ခံစား
စံစားနေရသော အချုပ်အခြာ အဏာပိုင် လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ
ပန္နက်ချခဲ့သော အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီး ပေတည်း။
ကမ္ဘာ့ရေးရာများ
နှစ်၅၀အတွင်း
မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း
Sunday, September 8, 2013
အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာဇာနီ အသျှင်ဥတ္တမ
Posted on 7:54:00 PM by Unknown