Showing posts with label ရခိုင်ဖတ်စာ. Show all posts
Showing posts with label ရခိုင်ဖတ်စာ. Show all posts

Tuesday, May 28, 2013

ဗုဒ္ဓကိုယ်ပွား မဟာမုနိဘုရား

ဗုဒ္ဓကိုယ်ပွား မဟာမုနိဘုရား
မဟာမုနိဘုရားရေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မာ တည်ဟိပါရေ။ ရခိုင်ပြည်နယ်မာ အထင်ရှားဆုံး ဘုရားတဆူ ဖြစ်ပါရေ။

ရခိုင်ပြည် တတိယဓညဝတီခေတ်ကို စန္ဒသူရိယမင်းကြီး ထူထောင်ခပါရေ။ စန္ဒသူရိယမင်းကြီးရေ အနောက်ဖက်ဒေသမာ ဗုဒ္ဓမြတ်စွာဘုရားသျှင် ပွင့်တော်မူရေ သတင်းစကားကို ကြားသိလီပါရေ။ မင်းကြီးက ဘုရားသျှင်ကို ဓညဝတီမြို့တော်သို့ ကြွရောက်ဖို့အကြောင်း မနောဓိဋ္ဌာန်နန့် ပင့်ဖိတ်ပါရေ။

ဗုဒ္ဓမြတ်စွာရေ နောက်ပါ တပည့်ရဟန်း ငါးရာ ခြံရံပနာ ပြသာဒ်ယာဉ်ပျံ စီးလို့ အာကာခရီးက ကြွချီ လာလီပါရေ။ ယင်းခါမာ စန္ဒသူရိယမင်းကြီးက တောင်းပန်ရေအတွက် ကိုယ်စားတော် မဟာမုနိကို သွန်းလုပ် ကိုးကွယ်ခွင့် ပီးပါရေ။

ယင်းအချိန်ကစလို့ ရခိုင်လူမျိုးတိရေ ဗုဒ္ဓဘာသာဝင် လူမျိုးအဖြစ် ရပ်တည် လာကတ်ပါရေ။ မဟာမုနိဘုရားကြီးကိုလေ့ ဗုဒ္ဓဘုရားသျှင်ကိုယ်စားတော်အဖြစ် အထွတ်တမြတ်ထား ကိုးကွယ်ကတ်ပါရေ။

လိကျင့်ခန်း
၁။ အောက်ပါ ဝေါဟာရတိကို ဝါကျဖွဲ့ပါ။
စန္ဒသူရိယ၊ ဗုဒ္ဓဘာသာ၊ အာကာခရီး၊ ခြံရံ၊ ကိုးကွယ်

၂။ အောက်ပါ မိန်းခွန်းတိကို ဖြေပါ။
(က) မဟာမုနိဘုရားရေ ဇာမြို့နယ်မာ တည်ဟိပါလေး။
(ခ) တတိယဓညဝတီကို အသူက စတည်ခပါလေး။
(ဂ) ရခိုင်လူမျိုးတိရေ ဇာဘာသာဝင် ဖြစ်ကတ်ပါလေး။
(ဃ) မဟာမုနိဘုရားကို ဇာကြောင့် အထွတ်တမြတ်ထား ကိုးကွယ်ကတ်လေး။
(င) ဘုရားသျှင်ရေ မဟာမုနိဘုရားကို ဇာအတွက်ကြောင့် သွန်းလုပ်ခွင့် ပီးခလေး။

ရခိုင်ဖတ်စာ  ဒုတိယတန်း
Related Posts Plugin for WordPress, Blogger...