Sunday, May 5, 2013

၁၉၄၂ ခုနှစ် ဘယ်အကြောင်းကြောင့်များမေ့ပါအံ့နိုင်



















ဒုတိယကမ္ဘာစစ်ကာလ ကုလား-ရခိုင် ပဋိပက္ခ
၁၉၄၂ခုနှစ်
ဒုတိယ ကမ္ဘာစစ်ကြီးစတင်ဖြစ်ပွါးခါနီး ၁၉၄၂ခုနှစ်တွင် ဗြိတိသျှတပ်များ စတင်ဆုတ်ခွာချိန်တွင် ကုလား-ရခိုင် ပဍိပက္ခ စတင်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှကစစ်တကောင်းဒေသမှ ကုလားများအလုံးအရင်းဝင်ရောက်လာစေကာ လယ်ယာမြေများ ပေးခဲ့ခြင်းကြောင့် ရခိုင်တို့၏လယ်ယာမြေများ ဆုံးရှုံးလာကာ ဘင်္ဂါလီကုလားများ လယ်ယာမြေပိုင်ဆိုင်လိုမှု လောဘဇောကြီးထွားလာသည်။ ဗြိတိသျှတပ်များ စတင်ဆုတ်ခွာချိန် အင်္ဂလိပ်စစ်တပ်က ဘင်္ဂါလီကုလားများကို Volunteer Force ဖွဲ့ပေးပြီး ကိုယ့်ကိုကာကွယ်ရန်အကြောင်းပြချက်ဖြင့် လက်နက်တပ်ဆင်ပေးရာမှ ကုလားစစ်သည်များသည် ဒေသခံကုလားများနဲ့ပူးပေါင်းကာ ရခိုင်လူမျိုးများကိုစတင်သတ်ဖြတ်မှုစတင်ခဲ့သည်။

ကနဦး မြေပုံမြို့နယ်၊ချောင်းကြီးရွာသူကြီး ရခိုင်လူမျိုး ရွာသူကြီး အုပ်ချုပ်သည်ကို မနှစ်သက် စစ်အတွင်းအခွင့်သာသည်နှင့် ရွာသူကြီးညီအကိုနှစ်ဦးကို သတ်ဖြတ်လိုက်ရာမှစတင်သည်။ ထိုအချင်းအရာကို ရခိုင်တိုင်းရင်းသားတို့ဒေါသထွက်ကာ ဧည့်သည်ရက်ချောင်းရွာ ကုလားတို့ကို လက်တုန့်ပြန်လိုက်သည်မှစ၍ ကုလား-ရခိုင် အထိကရုဏ်းဖြစ်ပေါ်လာပြီး မြောက်ဦး၊ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ထိုမြို့နယ်မှကုလားများသည် ဘူးသီးတောင်၊မောင်တောမြို့နယ်များမှကုလားများနှင့်ပူးပေါင်းကာ ဒေသတွင်းရခိုင်လူမျိုးများကို စတင်သတ်ဖြတ်ကြသည်။ ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တော ဒေသမှရခိုင်လူမျိုးများကို သတ်ဖြတ်ခြင်း၊ ရခိုင်ရွာများ၊ စေတီပုထိုးဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်ကြသည်။ ရခိုင်လူမျိုးများစွာ သတ်ဖြတ်ခံရပြီး ရွာပေါင်းများစွာ ပျက်စီးဆုံးရှုံးခံရသောကြောင့် ခုထိနလံမထူနိုင်ပဲ ယင်းဒေသတွင် ရခိုင်ရွာဆို၍ အနည်းငယ်သာကျန်တော့သည်။ ရခိုင်လူမျိုးများပြေးပေါက်မရ ချောင်ပိတ်ကာ ရခိုင်တိုင်းရင်းသားနှစ်သောင်းကျော် သတ်ဖြတ်ခံခဲ့ရသည်။  

ထွက်ပြေးလွတ်မြောက်လာသူအချို့မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားသို့အထိ တိမ်းရှောင် လာခဲ့ကြရသည်။ ကျန်ရစ်ခဲ့သော ရခိုင်လူမျိုးပိုင်ကျွဲ၊ နွား၊ ဆန်ရေစပါး နှင့် လယ်ယာမြေများကို ဘင်္ဂါလီမူဆလင်ကုလားများက ဝင်ရောက်သိမ်းပိုက် ယူငင်ခဲ့ကြသည်။ နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရဖက်မှ တာဝန်ခံ ရခိုင်အရာရှိ အကူအညီဖြင့် ရခိုင်တိုင်းရင်းသားအချို့ ဒိန္နာစပူရ်စစ်ပြေးစခန်းသို့ထွက်ပြေးရသည်။

ဘူးသီးတောင်၊ မောင်တောနယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဘင်္ဂါလီကုလားတို့၏ ရက်စက်စွာသတ်ဖြတ်မှု အပေါ် အသက်ရှင်ကျန်ရစ် ထွက်ပြေးလွတ်မြောက်လာသူတို့၏ ပြောပြချက်အရ မွတ်ဆလင်ကုလားတို့၏အစီအစဉ်သည် ၎င်းဒေသတွင်း ရခိုင်တစ်ဦးတစ်ယောက်မှမကျန်ရစ်အောင် အပြတ်ရှင်း သတ်ဖြတ်ရန်ဖြစ်သည်။

 မောင်တောနယ်တောင်ပိုင်း စပ်ချပ်ကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်း စသည့်ရွာများသည် မွတ်ဆလင်ကုလားဒဏ်ကို အကြီးကျယ်ခံရကာ ထိုရွာမှရွာသူရွာသားများသည် ဒိန္နာစပူရ်စစ်ပြေးစခန်းသို့တစ်ဦးတစ်ယောက်မှ ရောက်မလာနိုင်ခဲ့ချေ။
နောက် ဗြိတိသျှတို့က ဂျပန်ကိုပြန်လည်တိုက်ခိုက်ရန်အတွက် VForce ဟုခေါ်သောအပျော်တန်းတပ်ဖွဲ့ကို ၁၉၄၂ခုနှစ်တွင် ဖွဲ့စည်းရာတက်ဖွဲ့ဝင်များသည် ဘင်္ဂလီကုလားများဖြစ်ကြသည်။ တာဝန်မှာ ဂျပန်တို့အားပြောက်ကျားဆင် တိုက်ခိုက်ရန်၊ သတင်းစုဆောင်းရန်၊ စကားပြန်ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော် ဂျပန်တို့ အရေးနိမ့်၍ ဗြိတိသျှတပ်များ ပြန်လည် ဝင်ရောက်လာရာ ဘင်္ဂါလီကုလားစစ်သည်များသည် ဂျပန်ကိုတိုက်ခိုက်ရမည့်အစား ရခိုင်လူမျိုးများကို သတ်ဖြတ်တိုက်ခိုက်ပြန်လေသည်။

စစ်အတွင်း ဗြိတိသျှအစိုးရ၏ အစီရင်ခံစာတွင် -
ရသေ့တောင်ဒေသရှိ ရခိုင်ကျေးရွာတွင် ဆိုးရွားပြင်းထန်သောဖြစ်ရပ်များနှင့် ၎င်းတို့ခံစားရသော ပျက်စီးဆုံးရှုံးမှုများအကြောင်းကြားသိရသည်။ မေယုအနောက်ဘက်ကမ်းရှိ ကျေးရွာအများစုမှာ စစ်တကောင်းအပျော်တမ်းတပ်ဖွဲ့၏ မီးရှို့ဖျက်စီးခြင်းခံရသည်။.......၎င်းတို့ဘိုးဘွားပိုင်မြေများမှ နှင်ထုတ်ခံရသော ရခိုင်လူမျိုးများဖြစ်ပြီး ၎င်းတို့အားကယ်ဆယ်ရန်အတွက် မျှော်လင့်ချက်မရှိကြောင်း ရေးသားထားသည်။

၁၉၄၅ ခုနှစ်တွင်ပြန်လည်ထူထောင်ရေးလုပ်ပေးမှုကြောင့် ရခိုင်တိုင်းသားအချို့သာမိမိတို့၏ မူလကျေးရွာများတွင်ပြန်လည်အခြေချနိုင်ခဲ့သည်။

အချုပ်အားဖြင့်ဆိုသော မူဆလင်နိုင်ငံထူထောင်ရန် ကြိုးစားနေကြသော အကြမ်းဖက်ဘင်္ဂါလီကုလားများသည် ဗြိတိသျှခေတ်မှစတင်၍ အခွင့်သာရင်သာသလို အခွင့်ရေးရလျင်ရသလို ရခိုင်သားများအပေါ် သတ်ဖြတ် နယ်မြေလုရန်ကြံ နေသည်။ 

ယခုအဖြစ်ပျက်သည်လည်း ၁၉၄၂ ခုနှစ် အဖြစ်ပျက်နဲ့ အနည်းသာ ကွာခြားမှုရှိသည်။ ရခိုင်လူမျိုးများ 
အစုလိုက်အပြုံလိုက်မသေပေမဲ့ ဆုံးရှုံးမှုတော့ကြီးမားသည်။ ရှင်းရှင်းပြောရလျင် လုံခြုံမှုသည်ဗြိတိသျှခေတ်ထက်အနည်းငယ်သာကွာပေသည်။ ကိုယ့်မြေကိုယ်ရေပေါ်မှာနေပြီး သူတပါးဖျက်ဆီး၊ သတ်ဖြတ် ရန်လိုအကြမ်းဖက်မှုကို ခံစားရသော စိတ်ခံစားရမှုသည် အဘယ်သို့ရှိမည်ကို မှန်းဆမရလောက်အောင် ခံစားရမည်။ အကြီးအကျယ်ကြောက်လန့် စိုးရိမ်သောကရောက်နေလိမ့်မယ်။  
ခုမှနိုးထခါစနိုင်ငံတော်ပေါ်မှာလည်းသက်ရောက်မှုရှိသည်။ လူ့အခွင့်အရေးကိုမပြတ်အော်၊ ဘက်ပေါင်းစုံက လိမ်ညာ၊အခွင့်သာရင်အကြမ်းဖက် နေသောဘင်္ဂါလီကုလားများကို မည်သို့ကိုင်တွယ်ဆောင်ရွက်မည်ကို မြင်တွေ့လိုသည်။ရခိုင်လူမျိုးတွေအတွက်ဘာမှ မထူးလာဘူးဆိုရင် မတွေးဝံ့လောက်အောင်ပင်။

ArakanForever
Ref:
(ရခိုင်ဒေသအတွင်းသို့မွတ်ဆလင် များဝင်ရောက်လာခြင်းနှင့်နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်)စာတမ်း
(မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတမ်းဒေသ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံရေးနှင့်ပြန်လည်ထူထောင်ရေး အကြံပြုတင်ပြချက်)စာတမ်း
Related Posts Plugin for WordPress, Blogger...